၇ နေ့ ဘုရားရှိခို့း

ခုနှစ်နေ့ဘုရားရှိခိုး
----------------------
၁ ။သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင် သောင်းခွင်စကြာဝဠာ
နတ်ဗြဟ္မာတို့ ညီညာရုံးစုတောင်းပန်မှုကြောင့်
ရတုနဂို ရွှန်းရွှန်းစိုးသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ် ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည် နတ်လူငြိမ်းဖို့ ကိန်းပါကို ။ ။

၂ ။သန္ဓေယူကာ ဆယ်လကြာသော် မဟာသက္ကရာဇ်
ခြောက်ဆယ့်ရှစ်ကြုံ
ကဆုန်လပြည့် သောကြာနေ့ဝယ်  ချမ်းမြေ့စုံစီ လုမ္ဗိနီ၌  မဟီလှိုက်ဆူ ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကို ။ ။

၃ ။ဖွားမြင်မြောက်သော် ဆယ့်ခြောက်နှစ်အရွယ် ပျိုနုနယ်၌ သုံးသွယ်ရွှေနန်း
သိမ်းမြန်းပြီးလစ် ဆယ့်သုံးနှစ်လျှင် ဘုန်းသစ်လျှံလူ စံတော်မူ၍
ရွယ်မူနုဖြိုး နှစ်ဆယ့်ကိုးဝယ် လေးမျိုးနိမိတ် နတ်ပြဟိတ်ကြောင့် ရွှေစိတ်ငြင်ငြို သံဝေပိုကာ
ဝါဆိုလပြည့် ကျားမင်းနေ့ဝယ်
ချမ်းမြေ့ရဂုံ တောရိပ်လှုံသည်
စုံမြိုင်ပင်ရိပ် ခမ်းပါကို ။ ။

၎ ။တောရိပ်မြိုင်ပေါ်  ခြောက်နှစ်ပျော်၍ ခါတော်တစ်ဖုံ
 ပွင့်ချိန်ကြုံက ကဆုန်လပြည့် ဆင်မင်းနေ့ဝယ် 
မြေ့ပရမေ ပလ္လင်ဗွေထက် ရွှေညောင်တော်ကြီး ဗိတာန်ထီးနှင့်  မငြီးကြည်ဖြူ နေတော်မူလျက်
ရန်မြူခပင်း အမိုက်သင်းကို အလျှင်းပယ်ဖျောက် အလင်းပေါက်က ထွန်းတောက်ဘုန်းတော် သောင်းလုံးကျော်သည် သုံးဖော်လူတို့ငြိမ်းကာကို  ။ ။

၅ ။ဘုရားဖြစ်ကာ မိဂဒါသို့ စကြာရွှေဖွား ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီစုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်းကပ်လာ နတ်ဗြဟ္မာအား ဝါဆိုလပြည့် စနေနေ့ဝယ်
ကြွေ့ကြွေ့လျှံတတ်ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
 ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကို ။ ။

၆ ။တရားနတ်စည် ဆော်ရွမ်းလည်က သုံးမည်ဘုံသိုက် တစ်သောင်းတိုက်ဝယ် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါကို ခေမာသောင်သို့ ဖောင်ကုတို့ဖြင့် ဆောင်ပို့ပြီးကာ ဝါလေးဆယ့်ငါး သက်ကားရှစ်ဆယ် စုံပြည့်ကြွယ်က ရာလေးဆယ့်ရှစ် သက္ကရာဇ်ဝယ် နယ်မလ္လာတိုင်း စံနှိုင်းမယုတ်
ကုသိန္နာရုံ အင်ကြင်းစုံ၌
ကဆုန်လပြည့် အဂါင်္နေ့ဝယ်
ချမ်းမြေ့နိဗ္ဗူ စံတော်မူသည်
 ဝှမ်းဆူသောင်းလုံး ကျော်တယ်ကို ။ ။

၇ ။နိဗ္ဗူစံပြီ ရှုမအီသား သိဂီင်္ရွှေလှော် အလောင်းတော်ကို ထိုရော်ကဆုန် လဆုတ်ကြုံ၍ ဂဠုံနေ့ဝယ်
ခိုးငွေ့မနှော ဓာတ်တေဇောလျှင် ရှင်စောဉာဏ်စက်
ဒိဋ္ဌာန်ချက်ဖြင့် လျှံတက်ကော်ရော် မီးပူဇော်သည် မွေတော်ရှစ်စိတ်ကြွင်းတယ်ကို ။ ။'

၈ ။ထိုခုနှစ်နေ့ သာချမ်းမြေ့ကို
ဆွေ့ဆွေ့ကြည်ဖြူ အာရုံယူလျှက်
သုံးလူတို့နတ် မြတ်ထက်မြတ်သား ကိုယ်တော်ဘုရားကို
သုံးပါးမွန်စွာ ဝန္ဒနာဖြင့်
သဒ္ဓါဖြိုးဖြိုး ကျွန်ရှိခိုးသည်
ကောင်းကျိုးခပ်သိမ်းကြွယ်စေသော်

( လယ်တီဆရာတော်ဘုရားကြီး )

Comments