ဝဋံသကာ (ဦးဆောက်ပန်း)
(ဝဋံသကာ ) ဘွဲ့ဆိုတာ
( ဝဋံသကာ ) ဘွဲ့ဆိုတာ ဗုဒ္ဓဘာသာ သာသနာတော်အတွင်းမှာအထူးခြားဆုံး ဘွဲ့တံဆိပ်တခုဖြစ်ပါတယ်။ ဝဋံသကာ
ဘွဲ့ထူးကို ပန်ဆင်ယင်တော်မူသော ထေရ်ရှင်များကတော့ ၁၂၆၇ ခုနှစ်မှ
၁၃၈၀ ခု ယနေ့အချိန်ထိ နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာ
အရှင်မြတ် (၉ )ပါးသာပေါ်ထွန်းခဲ့ပါတယ်။
( ဝဋံသကာ )ဘွဲ့ကိုရရှိဖို့အတွက်
မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတ
အသင်းက စာသင်တန်း၊ ဓမ္မာစရိယတန်း
တို့ကို နှစ်မခြားဘဲအောင်မြင်သော စာအောင်သံဃာတော်များသည်သာ
ဝဋံသကာ (ဦးဆောက်ပန်း) ဘွဲ့အထူး နှင့်ရွှေတံဆိပ်ကိုရရှိပါတယ်။ စာသင်တန်းကို အောင်မြင်ပြီး၍ တစ်နှစ်နားပြီးနောက်မှ စာချတန်းကျမ်း ၃ကျမ်းကို တစ်ပြိုင်နက် အောင်မြင်ခဲ့ရင်တောင်မှ ဝဋံသကာဘွဲ့ မရရှိနိုင်ပါဘူး။
ပထမဦးဆုံး ဝဋံသကာဘွဲ့တံဆိပ် ဆပ်ကပ်ခံရသော ဆရာတော်
( ဝဋံသကာ) ရွှေတံဆိပ်ဘွဲ့တော်ကို ရှေးဦးစွာပန်ဆင်တော်မူတာကတော့
တိပိဋကဓရ ဓမ္မဘဏ္ဌဂါရိက ဆဌသံဂါယနာ ဝိဿဇ္ဇက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီးပင် ဖြစ်ပါတယ်။
ဝဋံသကာ ဘွဲ့ရ ၃ပါး ထွက်ပေါ်ခဲ့သောနှစ်
၁၉၅၃ ခုနှစ်တွင် ပရိယတ္တိသာသနဟိတအသင်း၏
ဝဋံသကာဘွဲ့ရ ၃ ပါးတပြိုင်နက်ပေါ်
ထွက်လာခဲ့ပါသည်။ ဦးကုမာရာဘိဝံသ
(ယခု နဝမဗန်းမော်ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ) ဦးသုန္ဒာဘိဝံသ (ဦးရွှေအောင်) နှင့် ဦးနာရဒါဘိဝံသ (ဓမ္မာစရိယ ဦးထွန်းလှိုင်)
တို့ဖြစ်ကြသည်။
သာသနာ့ သမိုင်း၌ ကိုးပါးသာထွက်ပေါ်ဖူးသေးသော မန္တလေး ဝဋံသကာ ဘွဲ့ပိုင်ရှင်များ
၁-တိပိဋကဓရဆရာတော်ကြီး
ဦးဝိစိတ်တဘိဝံသ
မင်းကွန်း ဓမ္မနာဒတိုက် ( ၁၂၉၆ )
၂-အရှင်ဥတ္တမာ ဘိဝံသ
မိုးကောင်းတိုက် မန္တလေး ( ၁၂၉၉ )
၃-အရှင်လက္ခဏာဘိဝံသ
မိုးကောင်းတိုက် မန္တလေး ( ၁၃၀၉ )
(လူပြန်တော်ဆရာကြီး ဦးကျော်ရှိန်)
၎-အရှင်သုမနာဘိဝံသ
ထီးလင်းတိုက် မန္တလေး ( ၁၃၁၄ )
၅-အရှင်ကုမာရာဘိဝံသ
ဗန်းမော်ဆရာတော်ကြီး
ဘုရားကြီးတိုက် မန္တလေး
ယခုသံဃာ့မဟာနာယကဥက္ကဋ္ဌ( ၁၃၁၅ )
၆-အရှင်သုနန္ဒာဘိဝံသ
ဘုရားကြီးတိုက် မန္တလေး ( ၁၃၁၅ )
(လူပြန်တော်ဆရာကြီး ဦးရွှေအောင်)
၇-အရှင်နာရဒါဘိဝံသ
မြင်းဝန်တိုက်မန္တလေး ( ၁၃၁၅ )
(ဓမ္မာစရိယ ဦးထွန်းလှိုင်)
၈-အရှင်ကစ္စာယနလင်္ကာရာဘိဝံသ
ဘုရားကြီးတိုက် ( ၁၃၁၇ )
[ ဗိုလ်ကြီးကျော်နိုင် ( ငြိမ်း) ]
၉-အရှင်ကေသရာလင်္ကာရာဘိဝံသ
(သက်တော် ၂၅နှစ်အရွယ်တွင် ဝဋံသကာဘွဲ့ရရှိ)
ယခုအောင်ချမ်းသာပရိယတ္တိစာသင်တိုက်
မဟာဂန္ဓာရုံ ( ၁၃၄၈ ) တို့ဖြစ်ကြပါသည်။
၎င်း ဆရာတော်ကြီးများသည် နှစ်ပေါင်း
၁၀၀ ကျော်အတွင်း၌ ( ၉ ) ပါးသာ
ပေါ်ထွန်းခဲ့ပါသည်။ အလွန်ပင် ကြည်ညိုဖွယ်ကောင်း လှပေစွတကား။

Comments
Post a Comment