အာဇာနည်ဗိမာန်ကို ဘယ်လိုအခက်အခဲတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်တည်ဆောက်ခဲ့ရသလဲ-ဗိသုကာ ဦးဆန်းဦး (အပိုင်း ၂)
🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴အာဇာနည်ဗိမာန်ကို ရောက်လာသမျှလူတွေအားလုံး လေးစားစိတ်နဲ့ ငါတို့ကိုယ်တိုင် ဒီလူတွေကို ဦးညွတ်အလေးပြုချင်လိုက်တာဆိုတဲ့ စိတ်မျိုးဝင်လာအောင်လုပ်ပေးထားတာပါ။ ဒီဇိုင်းကိုနှစ်လထဲ ဘယ်လို လုပ်ရမလဲ။ မြန်မာပြည်မှာဘယ်လိုဖြစ်သင့်သလဲ။ ကမ္ဘာပေါ်မှာ Monument တွေ ဘယ်လိုလုပ်သလဲ ဆိုတာ တွေပေါ့။ ကျွန်တော့်ရဲ့ Bachelor Thesis Degree တစ်နှစ်လောက်က ဒါကိုပဲ ကျွန်တော်လုပ်လာတာ။ ၁၉၇၈ ကတည်းက ကျွန်တော့် Thesis ခေါင်းစဉ်က ‘နယ်ချဲ့တော်လှန်ရေး အထိမ်းအမှတ်နေ့’ မန္တလေးဆိုရင် အရင်တုန်းကရှိခဲ့တဲ့ ရာပြည့်ကွင်းကြီးထဲမှာ ဒီလိုမျိုး Monument မြန်မာပြည်နယ်ချဲ့လက်အောက်က လွတ်မြောက်အောင်ကြိုးပမ်းခဲ့တဲ့ Monument လုပ်မယ်ဆိုတဲ့ Thesis ဒီဇိုင်းလုပ်တာ။ အရမ်း Abstract ဖြစ်တဲ့ အတွက် ဆရာတွေက မင်းဒီလိုဒီဇိုင်းလုပ်ရင်ကျနိုင်တယ်နော်။ ဒါပေမယ့် အဲဒီအလုပ်ကိုလုပ်ချင်ရင် ခိုင်လုံ အောင်လုပ်ဆိုတော့ တစ်ကမ္ဘာလုံးက Monument တွေဘယ်လိုလုပ်တယ်။ အထိမ်းအမှတ်တွေ လုပ်တာက အစ အခြား Space တွေဘယ်လိုကိုင်တွယ်တယ်။ Form တွေ ဘယ်လိုကိုင်တွယ်တယ်ဆိုတာ အရမ်းကို လေ့လာခဲ့ရတယ်။
နောက်တစ်ခါ ကျွန်တော်တို့ကျောင်းသားဘဝတုန်းက အဓိကဘာကိုလေ့လာနိုင်လဲဆိုတော့ Space & Mass မြန်မာက အထွတ်အထိပ်ထားတဲ့နေရာလေးကို မြန်မာကဘယ်လိုလုပ်ထားလဲဆိုရင် ဘုရားဖြစ်ဖြစ်၊ စေတီ ဖြစ်ဖြစ်ဘေးမှာ ပရိဂုဏ်ကိုဝိုင်းပြီးတော့ လေးဖက်ကနေဝင်တဲ့ဟာရှိတယ်။ အဲဒီအခြေခံတွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့က အဝေးကြီးကလာတဲ့ Open Space ကြီးကနေ ပြီးတော့ နောက်ထပ် Space တစ်ခုထဲကို ရောက်တယ်။ ပြီးမှရင်ပြင်တော်ထဲကိုရောက်တယ်။ Section မှာဆိုလို့ရှိရင် ရင်ပြင်တော်ဆိုတာ ရှိတယ်။ တချို့ဆိုရင်ကုန်းပေါ်ကို တက်ရတာရှိတယ်။ ကျွန်တော်တို့က သာမန်အပြင်လောကထဲကနေပြီတော့ မုဒ်ဦးရဲ့ တန်ဆောင်းတွေကိုဖြတ် စောင်းတန်းထဲကိုဝင် စောင်းတန်းထဲကတက် ရင်ပြင်ပေါ်ရောက်တာ။ Space တွေကို တိုင်းပြီးဖြတ်ထားတယ်။ အဲဒီစနစ်ကိုယူထားတယ်။
ကျောင်းသားဘဝတုန်းက မကွေးမှာရှိတဲ့ကြေးရုပ် Monument တစ်ခု Assigned လုပ်တာခံရတယ်။ ကျွန်တော် ၁၉၇၈ မှာဘွဲ့ရခဲ့တယ်။ ဒီဇိုင်းက ၁၉၇၇ ခုနှစ်တည်းကလုပ်တာ။ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီးလဲ တကယ်ဆောက်ပြီးသွားတယ်။ အဲဒီမကွေးကြေးရုပ်မှာ ခုနကပြောတဲ့ Spatial Composition ပြန်ယူထားတာ။ မြန်မာတွေ အထွတ်အမြတ်ထားတဲ့အတိုင်းတက်လာရင် ရင်ပြင်ပေါ်ကိုရောက်ဆိုတာမျိုးလေး ပေးထားတယ်။
ကျွန်တော်တို့က Form မှာခန့်ညားထည်ဝါတာတွေ ၊ လေးစားတာတွေ ၊ နောက် Long Lasting မျိုးဖြစ်အောင် လုပ်တယ်။ ဒီဇိုင်း Theme မှာ လူနာနဲ့ဆေးတည့်အောင်ပေးရတယ်။ ဒီအချိန်တုန်းက ကမ္ဘာမှာဖြစ်နေတာက ဒီထက်ပိုပြီးတော့ထူးဆန်းတဲ့ ပိုပြီးAdvanceဖြစ်တဲ့ Form တွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာ Reinforce Concrete နဲ့လုပ်လို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဒီဇိုင်းမှာမလုပ်ဘဲနဲ့ လျှော့လိုက်တာရှိတယ်။ အဲဒီလို လျှော့ပစ်ခဲ့လို့ အဲဒီခေတ် ၁၉၈၀ ကျော်မှာရှိတဲ့ Cabinet က ချက်ချင်းသဘောတူတာ။ ကျွန်တော်တို့သာ တကယ်လုပ်ရင် ဒီဇိုင်းတွေကအရမ်းကိုထွက်တယ်။ ဒါပေမယ့် အဲဒီ ဒီဇိုင်းကိုတင်လိုက်တော့ သူတို့တွေအားလုံး မျက်လုံးတွေပြူးပြီး မဆောက်ခင် သိပ်မိုက်လွန်းအားကြီးတဲ့အတွက် လူတွေပြန်လာမယ်။ လူတွေအားလုံး ခပ်ငြိမ်ငြိမ်ပဲနေကြရတယ်။ Stable ဖြစ်တဲ့ဟာကို တစ်ခါတည်းချိန်ပြီး ပေးလိုက်တယ်။ မလုပ်တတ်လို့တော့ မဟုတ်ပါဘူး။ အဲဒီလိုဟာမျိုးပေးလိုက်တော့ အားလုံးက Stable ဖြစ်နေတယ်။ တည်ငြိမ်တယ်။ ဘာမှပြဿနာ မပေါ်ဘူး။
သူတို့ကအရမ်းခေတ်နောက်ကျတဲ့အမြင်ရှိလို့ နည်းနည်းနောက်ကျတဲ့ Form ကိုပေးလိုက်တယ်။ အစကတည်းကဗြောင်ချည်းပဲလုပ်ပါလို့ ပြောထားရဲ့သားနဲ့ဆိုတဲ့ မေးခွန်းမျိုးနဲ့လဲရင်မဆိုင်ရအောင် သူတို့ကြည့် လိုက်တာနဲ့ ရှင်းနေတဲ့ဒီဇိုင်းမျိုးကိုချိန်ပြီးတော့ လုပ်ပေးလိုက်တာ။
တကယ်ကျတော့ Concept မှာ အခင်းကို အနီဖက်ကိုသွားချင်တာ။ နံရံ Backdrop ကြီး ကို Natural ကျောက်ကပ်ချင်တာ ၊ ဆေးသုတ်တယ်ဆိုတာ တော်တော်လေးကို အပေါစားဆန်တယ်။ အဲဒီလိုကပ်ချင်တာ။ ဒါပေမယ့် ဘယ်လောက်ဆိုးလဲဆိုရင် အနီရောင် Tile တွေလည်းမရှိဘူး။ ဆိုရှယ်လစ်ခေတ်က ဆင်ရဲလွန်းလို့ Granite ဆိုရင်အဝေးကြီးပဲ။ ရင်ပြင်က အရမ်းကျယ်တဲ့ဧရိယာမှာ စကျင်ကျောက်သုံးရင် Glare က Reflection Glare လာလိမ့်မယ်ဆိုတာကို ဘာပြောလဲဆိုတော့ ဘုရားမှာသုံးထားတာ အရမ်းအေးတယ်တဲ့။ အေးရအောင် ဘယ်သူကဖိနပ်ချွတ်ထားခိုင်းလို့လဲ။ နိုင်ငံခြားသားတွေလည်းမချွတ်ဘူး။ တကယ်အလေးပြုတဲ့အချိန်မှာ နေက တည့်တည့်ကို Glare တွေရောင်ပြန်တွေ အလေးပြုတဲ့သူ မျက်နှာကိုထိုးလိမ့်မယ့်။ ကျွန်တော်အတန်တန် ပြောရဲ့သားနဲ့မရဘူး။
စကျင်ကျောက်ကိစ္စ သူတို့ဆုံးဖြတ်ချက်လွဲလို့ လာပြီးအလေးပြုသူတိုင်း Glare ရကြတယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်တဲ့အခါမှာလည်း အရမ်းကိုခက်ခဲတယ်။ အင်ဂျင်နီယာတွေက ကျွန်တော်တို့ပေးထားတဲ့ ဒီဇိုင်းက ဒီမှာတိုင်နဲ့ Cantilever အရှည်ကြီးပေးထားတယ်။ ဒါကိုဆောက်ရမှာပျင်းလို့ဖျက်လိုက်တယ်။ အရင်က အာဇာနည်ဗိမာန်ကို အလေးပြုမယ်ဆိုရင် လူကြီးကားတွေအားလုံးက ဘေးမှရပ်၊ အရိပ်ထဲကနေ လမ်းလျှောက် လာပြီးတော့ ဒီကိုလာကြတယ်။ ဒီကနေပြီးမှအောက်ကိုဆင်းတယ်။ နောက်ကလူတွေက နောက်ကလိုက်ကြ တယ်။ အဲဒီလိုဝင်တဲ့ဟာကို အရင်တုန်းက ၃၇ နှစ်လုပ်ထားတယ်။ ဒါကိုကျွန်တော်တို့က အရှေ့က အတက်ပဲ လုပ်တော့ ယဉ်ကျေးမှုဝန်ကြီးက ဘေးကနေ လမ်းသစ်ဖောက်ခိုင်းတယ်။ ပညာရေးဝန်ကြီးက အဲဒီတုန်းက အားကြီးတော့ ‘ခင်ဗျားကလည်းတုံးလိုက်တာ အသစ်ရရင်အသစ်နဲ့တန်အောင်မလုပ်ဘူး။ ခင်ဗျားရဲ့ အဟောင်းကြီးလာဆွဲထည့်ချင်သေးတယ်’ ဆိုတော့ ငြိမ်သွားရော။ တကယ်လို့သာ ဘေးကနေရအောင် ပြင်ပေးပါဆိုရင် ဒုက္ခရောက်ပြီ။ သူတို့အချင်းချင်း အားပြိုင်မှုတွေလည်းရှိတယ်။ သူတို့အချင်းချင်း ပြောလိုက် တော့လည်းပြီးသွားတယ်။
Organization တခုမှာ Client ကလည်းငွေထုတ်ဝယ်တယ်။ လိုချင်တာပြောမယ်။ ဒီဇိုင်နာကလည်း လွတ်လွတ်လပ်လပ်ဒီဇိုင်းလုပ်တယ်။ Client ကြိုက်လို့ရှိရင် ဆောက်တဲ့လူကလည်း Consultant ပြောတဲ့ အတိုင်းဆောက်မယ်။ ဒါပေမယ့် မြန်မာပြည်က Construction အားလုံးမှာ ဆောက်လုပ်ရေးအော်ပရေးရှင်း ကိုယ်တိုင်က ကန်ထရိုက်တာဒီဇိုင်းကို သူပဲဆွဲသူပဲဆောက်ဖြစ်တဲ့အတွက် ရှိရှိသမျှဘာတစ်ခုမှ အကောင်း ထွက်မလာဘူး။ အာခီတက်တွေ အင်ဂျင်နီယာတွေအားလုံးက ကန်ထရိုက်တာအောက်မှာဖြစ်နေတယ်လေ။ အခုလည်း အကြမ်းဖျင်းကတချို့နေရာတွေကအဲဒီလိုဖြစ်နေတယ်။ အရင်တုန်းက Full Service ကိုမသုံးဘူး။ အာခီတက်တစ်ယောက်လုပ်ပေးနိုင်တဲ့ Full Service ကအများကြီးရှိတယ်။ Conceptual ကနေ အဆောက် အအုံပြီးတဲ့အထိ အာခီတက်ကတာဝန်ယူရတယ်။
အဲဒါမျိုးကိုဆောက်လုပ်ရေးအော်ပရေးရှင်းမှာ အာခီတက် ဆိုတဲ့ Department ကြီး မွေးထားပြီးတော့ Concept ထွက်လာတာနဲ့ သူဆီကနေယူပြီးတော့ လုံးဝကန်ထုတ် လိုက်တယ်။ မင်းတို့တာဝန်ပြီးပြီဆိုပြီး ကျန်တဲ့အင်ဂျင်နီယာအားလုံးက ကြည့်လုပ်သွားတာ။ ဆောက်ပြီးတဲ့ အထိ အာခီတက်က Site ထဲကိုလုံးဝသွားကြည့်စရာမလိုဘူး။ Full Service ကိုမသုံးတဲ့အတွက် ရှိရှိသမျှ အဆောက်အအုံအလွဲတွေထွက်လာတယ်။ အဲဒီအထဲမှာမှ အထူးအဆောက်အအုံတွေပဲ Full Service ရတာ။ ဥပမာ - ကရဝိတ် ၊ လွှတ်တော်တို့။ ကမ္ဘာကိုချပြရမယ့် တစ်ချို့ Process ကြီးတွေကိုလည်း သူတို့ဘာသာ ကျော်ခွပြီးလုပ်သွားတယ်။ အာဇာနည်ဗိမာန်နဲ့ ပတ်သက်ပြီးတော့ အဲဒီခေတ်က ကျွန်တော်လုံးဝတိုက်တာ။ အဲဒီလိုတိုက်လို့လည်း Cabinet ကဒီဇိုင်းကိုသွားမထိနဲ့ သူတို့ပေးတဲ့ အတိုင်းလုပ်ရမယ်ဆိုတာမျိုးဖြစ်အောင် အရယူထားတယ်။ ဒါတောင်မှလာလာပြီး Design စားသွားတာ ရှိသေးတယ်။
နောက်တစ်ခုက စိတ်ဝင်စားဖို့ကောင်းတယ်။ အရင်က အာခီတက်ဆိုတာ သန်းနဲ့ချီတဲ့ Project မှာပဲ ဖြစ်ဖြစ်လစာက လေးရာ့ငါးဆယ်ပဲရတယ်။ ဒါကလွဲပြီးဘယ်တော့မှ Design Fees မရဘူး။ လစာစားပဲ လုပ်ရ တယ်။ ဒီမှာကြုံရတာတွေက ဒီဇိုင်းကိုဘာလုပ်လဲဆိုရင်ဆောက်လုပ်ရေးကော်ပိုရေးရှင်းက Concept လေး၊ Model ရရင်ပြီးပြီ။ RIT အနေနဲ့ကပြီးပြီ ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့က လုံးဝလက်မခံဘူး။ လုံးဝ မပေးနိုင်ဘူး။ Cabinet ကငါတို့ကိုခိုင်းထားတာ။ ပြီးတော့ကျွန်တော်တို့က Fees စကားပြောတယ်။ လုပ်ရင် Fees ပေးရမယ်။ ဒီမှာတင်သူတို့ဆတ်ဆတ်ကိုနာတယ်။ ဆောက်လုပ်ရေးဝန်ကြီးက ဘယ်တော့မှ Design Fees မပေးဘူး။ လစာ လောက်ပေးပြီးတော့အဲဒီလိုလုပ်တာ။ အဲဒါက တကယ်ဖြစ်လာတာဆိုတော့ ကျွန်တော်တို့ Project မှာ Design Fees ရှိတယ်။ Design Fees ကိုပေးပါဆိုတော့ အရမ်းကိုနာသွားပြီး ဆောက်လုပ်ရေးဝန်ကြီးက ဘာစပြောလဲ ဆိုတော့ ခင်ဗျားတို့ဆွဲထားတဲ့ ဒီဇိုင်း ဘယ်နှစ်ပုံရှိလဲ ၊ အဲဒီကျသင့်ငွေကိုအားလုံးပေးမယ်တဲ့။ ကျွန်တော်က အစည်းအဝေးမှာ ဝန်ကြီးကိုတည့်တည့်ကြည့်ပြီး ‘ဝန်ကြီးပန်းချီဆရာတွေမှာ ပန်းချီကားမဝယ်ဖူးဘူးနဲ့ တူတယ်’ လို့။ သူကကျွန်တော် ဘာကိုဆိုလိုချင်တယ်၊ သူ့ကိုဘာပြောနေတယ်လို့သိပုံမရဘူး။ ပန်းချီဆရာတစ်ယောက် ဆီမှာ ပန်းချီကားဝယ်မယ်ဆိုရင် ကင်းဗတ်ဖိုးကဘယ်လောက်လဲ၊ ဖရိန်ဖိုးကဘယ်လောက်လဲ။ ဆေးဗူးထဲက တစ်ဝက်လောက်ကုန်ရင် တစ်ခုကိုဘယ်လောက်လဲစာရင်းပေါင်းပေးပါ။ အဲဒီအဖိုးပေးရင်ရမလား။ အနုပညာ တစ်ခုကိုဖန်တီးထားတာ။ သူဆိုတဲ့ဈေးပဲ။ ပန်းချီကားဆိုတာ Price ရှိတယ်။ အဲဒီလိုပေးရတယ်။ ဒီဇိုင်းဆိုတာ လည်း အဲဒီလိုပဲ။ ထွက်လာတဲ့ စက္ကူ ၂၆ ရွက်နဲ့ ဘယ့်နှယ်ကော်ဖီဖိုးပေးဆိုတာမျိုးမရဘူး။ အဲဒါနဲ့ ကျွန်တော်က ဆောက်လုပ်ရေးဝန်ကြီးဌာနကို အပ်တဲ့ တခြားဝန်ကြီးဌာနတွေရှိတယ်မဟုတ်လား။ ယဉ်ကျေးမှု ၊ ကျန်းမာရေး ၊ ပညာရေး အဲဒီဝန်ကြီးဌာနတွေက အပ်တာအများကြီးပဲ။ ခင်ဗျားတို့ယူတဲ့ Fees ကြေးရှိတယ်။ အဲဒီအတိုင်းပေါ့။ ခင်ဗျားတို့တုန်းက အဲဒီအတိုင်းယူတာပဲဆိုတော့ အဲဒီပုဂ္ဂိုလ်ကြီးအရမ်းကိုဒေါကန်သွားတယ်။ အကြီးအကျယ်ပဲ။ ဒါကျွန်တော်တို့ယူမှာ မဟုတ်ဘူး။ ပညာရေးဝန်ကြီးဌာနထဲကိုထည့်ပေးပါ။ ကျွန်တော်တို့က လစာပဲရမှာ။ ကိစ္စ မရှိဘူး။ ဒီနေ့ဒီအချိန်မှာတော့ Fees ကမဆိုးဘူးပေါ့။ ထိုက်ထိုက်တန်တန်ပေးတဲ့လူက ပေးဖြစ်လာပါပြီ။
ဒီဇိုင်း Period အဲဒီတုန်းက အဲဒီလိုပဲ။ မြန်မြန်လိုတယ်ပေါ့။ ခပ်မြန်မြန်လေးခိုင်းပေးပါပေါ့။ မနက်ဖြန်ပဲ ဆောက်ချင်တယ်။ အခုပဲလာခဲ့ဆိုတာမျိုးပေါ့။ ဒီဇိုင်နာတွေ Consultant တွေကို Respect အရင်တုန်းက လုံးဝ မထားဘူး။ အထက်ကအမိန့်ပေးရမယ်လို့ထင်ထားကြတာ။ အဲဒီလိုကြားထဲက ကျွန်တော်တို့က ရအောင် လုပ်ခဲ့ရတာ။ ပညာရှင်ဆိုတာ ဒီလိုပဲလေ။
တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့ ကြေးပြားတွေနဲ့မော်ကွန်းထိုးမယ်။ ပန်းပုရုပ်ကြီးတွေရှိရမယ်။ နောက်မှာပန်းခြံလုပ်ပေးမယ်။ ဒါကအခုအချိန်မှာ လုပ်ဖို့ကောင်းပြီ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် မြန်မာပြည်သူပြည်သားတွေ ရန်ကုန်ရောက်ပြီဆိုတာနဲ့ ပထမဦးဆုံး ရွှေတိဂုံဘုရားကိုအရင်ဖူးမျှော်။ ပြီးတာနဲ့ ငါတို့ ဗိုလ်ချုပ်တို့ကိုသွားကန်တော့ရအောင် ဆိုပြီးတော့အုတ်ဂူတွေရှေ့မှာ ကန်တော့ကြတဲ့လူတွေအများကြီးပဲ။ ဒီစေ့ဆော်မှုကပဲ ဒီမိုကရက်တစ်ဖြစ်တဲ့ အစိုးရတက်လာရင်ဒီဗိမာန်ကို ပြန်လုပ်ကြရအောင်ဆိုရင်အရန်သင့်ပဲ။ ဘာမှပြောစရာမလိုဘူး။ ဒီအထဲမှာ တစ်ဦးချင်းရဲ့ကဗ္ဗည်းတွေပါပြီးသား Floating ဖောက် ကြယ်တွေကတော့ တစ်ခုချင်းဖြစ်လာပြီ။ ကဗ္ဗည်းဆိုတာကတော့ Relief လို့ခေါ်တာပေါ့။ နယ်ချဲ့ကိုတိုက်တဲ့ သမိုင်းကိုရေးရ တာပေါ့။ ဥပမာပြောရရင် ရွှေတိဂုံဘုရားပေါ်ကိုတက်သွားပြီဆိုရင် ပန်းချီကားတွေနဲ့ ဇာတ်နိပါတ်တော်တွေ လုပ်သလိုပေါ့။ ဒီမှာတော့ ဘုရားအကြောင်းမဟုတ်ဘူး။ သူတို့အကြောင်း အခုတော့ အားလုံးကBare ပြောင် နေတာ။ ပြောင်အောင်သူတို့ကလုပ်ထားတာ။ ကျွန်တော်တို့ တစ်နေ့ဝိညာဉ်အပြင်ခိုးထည့်လို့ ရအောင် လုပ်ပေး ထားတာ။ ဝိညာဉ်တွေလိုက်ထည့်ရမယ်။ အရမ်းလေးနက်တယ်။
ဗိုလ်ချုပ်ဝိညာဉ်ရှိတော့ အဓိဌာန်အမျိုးမျိုး လာလုပ်လို့ရတယ်။ ဗိုလ်ချုပ်ရှေ့မှာပြောမယ့်စကား၊ ပေးမယ့်ကတိ၊ လုပ်မယ့်အဓိဌာန်။ လာရင်ဒီအတိုင်း Entrance ကြီးက Museum လိုဖြစ်ရမယ်။ နောက်မှာ Museum ဆောက်ထားပြီးတော့ သူတို့ရဲ့ ဓာတ်ပုံတွေ၊ အသုံးအဆောင်တွေ၊ သူတို့ဘာလုပ်ခဲ့လဲဆိုတာတွေကိုပြဖို့ သူ့ရဲ့မော်ကွန်းကဗ္ဗည်းထိုးဖို့နေရာတွေ အကုန် လုပ်ထားတယ်။ အဲဒီဝိညာဉ်ထည့်ပေးဖို့လိုတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်ပေါ့လေ။
ဦးဆန်းဦး
#Live_Life_Media
#Live_Life_Articles

Comments
Post a Comment